မြန်မာစကားပြောနှင့်တကွ အသံထွက်ပေးထားသည့် ကလေးထိန်းကျောင်းရေး ဗီဒီယိုများကို ကြည့်ရှုရန် မြင်လွှာဘေးဘောင်ကို အောက်ဆွဲချပါ။

ဗီဒီယိုများ- သင့် ကလေးငယ်အား ကြည့်ရှုစောင့်ရှောက်ပေးခြင်း /  Videos: caring for your baby

Video အန္တရာယ်ကင်းသော ရေချိုးခြင်း / Safe bathing

ဤဗီဒီယို အတိုတွင် မွေးကင်းစ ကလေးငယ် တစ်ဦးအား မည်ကဲ့သို့ အန္တရာယ်ကင်းစွာ ရေချိုးပေးပုံကို သရုပ်ပြ ထားပါသည်၊ ပြင်ဆင်လုပ်ဆောင်ပုံ၊ ရေချိုးနည်းများနှင့် ကလေးအား ချိုးပေးမည့်ရေ၏အပူချိန်တို့နှင့် ပတ်သက်သည့် အချက်အလက်များ အပါအဝင် ဖြစ်ပါသည်။ ကလေးငယ် သက်သောင့်သက်သာရှိရေး အပြင် သန့်ရှင်းမှုကိုလည်း ဂရုပြုရန် အရေးကြီးပါသည်။
 

Video ကလေးငယ်အား နှိပ်နယ်ပေးခြင်း / Baby massage

ဤဗီဒီယို အတိုတွင် ကလေးငယ်အား နှိပ်နယ်ပေးပုံကို သရုပ်ပြထားပါသည်။ ဂနာမငြိမ်ဖြစ်နေသော မွေးကင်းစ ကလေးငယ်ကို ဖြေသိမ့်ပေးရန် အတွက် နှိပ်နယ်ပေးမှု၏ အကျိုးကျေးဇူးများကို ဖော်ပြထားပြီး သင့်ကလေးနှင့်အတူ သက်သောင့်သက်သာရှိစေရန်နှင့် ဆက်စပ်နေရန် အတွက် အကောင်းဆုံး နည်းလမ်းများနှင့် ပတ်သက်သော အကြံဉာဏ်များ ပါဝင်ပါသည်။ အကယ်၍ သင့် ကလေး ငိုလာလျှင် သင့်အနေဖြင့် နှိပ်နယ်ပေးမှုကို ရပ်ရလိမ့်မည် ဖြစ်ကြောင်း ဗီဒီယိုက ပြသထားပါသည်။
 

Video နို့ဘူးနှင့် ဖော်မြူလာနို့မှုန့်ကို ပြင်ဆင်ပေးခြင်း / Bottle and formula preparation

ဤဗီဒီယို အတိုတွင် မွေးကင်းစ ကလေးငယ်များနှင့် ငယ်ရွယ်သော ကလေးငယ်များကို နို့ဘူးဖြင့်နို့တိုက်ရန် အတွက် ကလေးငယ် ဖော်မြူလာနို့မှုန့်နှင့် ညှစ်ထုတ် ထားသည့် မိခင်နို့ရည်ကို မည်ကဲ့သို့ ပြင်ဆင်ကြောင်း ပြသပါသည်။
 

Video မွေးကင်းစ ကလေးငယ်အား ဝတ်ဆင်ပေးခြင်း / Dressing a newborn

ဤဗီဒီယို အတိုတွင် မွေးကင်းစ ကလေးငယ်အား မည်ကဲ့သို့ ဝတ်ဆင်ပေးပုံကို ပြသထားသည်။ ၎င်းတွင် အဝတ်အစားများကို မည်သည့်အစဉ်အတိုင်း ဝတ်ဆင်ပေးပုံနှင့် အဝတ်အစားလဲပေးသည့် စားပွဲပေါ်၌ လှုပ်လှုပ်ရွရွ ဖြစ်သည့် ကလေးကြီးများကို အထောက်အကူ ဖြစ်စေမည့် စိတ်ကူးပြောင်းပေးသည့်နည်းလမ်းများတို့နှင့် ပတ်သက်သည့် အကြံဉာဏ်များ ပါဝင်ပါသည်။
 

Video ကိုင်ထားရမည့် အနေအထားများ / Holding positions

ဤဗီဒီယို အတိုတွင် မွေးကင်းစ ကလေးငယ်များအား ကိုင်ထားရမည့် အနေအထား အမျိုးမျိုးကို သင့်အား ပြသထားပါသည်၊ မျက်နှာမူလျက်အနေအထားနှင့် မိဘများ သို့မဟုတ် စောင့်ရှောက်သူများမှ အဝေး အနေအထား တို့ပါဝင်ပါသည်။ အမျိုးမျိုးသော ကိုင်တွယ်ပုံ ပုံစံများတွင် အမျိုးမျိုးသော အားသာချက်များ ရှိပါသည်။ သင့်ကလေးငယ် မည်သည့်ပုံစံကို အကြိုက်နစ်သက်ဆုံး ဆိုသည်ကို သိရှိရန် သင် စမ်းလုပ်ကြည့်နိုင်ပါသည်။
 

Video သေးခံ လဲပေးခြင်း / Nappy changing

ဤဗီဒီယိုတွင် တစ်ခါသုံးနှင့် အဝတ် သေးခံများကို မည်ကဲ့သို့ လဲပေးရကြောင်း ပြသထားပါသည်။ ဤဗီဒီယိုတွင် သေးခံများကို လဲပေးခြင်းနှင့် ကလေးငယ်၏ အောက်ပိုင်းကို သန့်ရှင်းရေးလုပ်ပေးခြင်းတို့နှင့် ပတ်သက်သည့် သန့်စင်ရေးနှင့် အထွေထွေ ကျန်းမာရေး အကြံဉာဏ်များကိုလည်း ပြသထားပါသည်။
 

Video ကလေးငယ် ရုတ်တရက် သေဆုံးမှု (SIDS) အန္တရာယ်ကို အနည်းဆုံးဖြစ်အောင်လျှော့

ဤဗီဒီယိုတွင် (ကလေးငယ် ရုတ်တရက် သေဆုံးမှု SIDS နှင့် သေစေလောက်သော အိပ်စက်ရာမှ မတော်တဆ ဖြစ်ရပ်များ အပါအဝင်) SUDI အန္တရာယ်ကို မည်ကဲ့သို့ လျှော့နည်းအောင် လုပ်ပုံကို ပြသထားပါသည်။ ၎င်းတွင် ဘေးကင်းစွာ အိပ်စက်ခြင်း၊ ကလေးငယ် ပက်လက်လှန် အိပ်စက်ခြင်း၊ ကလေးကုတင် အစွန်းဆုံးတွင် ကလေးငယ် အိပ်စက်ခြင်း၊ ဦးခေါင်းပြားခြင်းကို ရှောင်ရှားခြင်း နှင့် အိပ်စက်ခြင်း အစီအစဉ်ချထားမှုများတို့နှင့်ပတ်သက်သည့် အကြံဉာဏ်များလည်း ပါဝင်ပါသည်။ ၎င်းသည် သင့် ကလေးငယ် အတွက် ဆေးလိပ်အခိုးအငွေ့ ကင်းမဲ့သည့် အိပ်စက်ရာ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးခြင်း၏ အရေးကြီးပုံကို မီးမောင်းထိုးပြထားပါသည်။
 

Video မွေးကင်းစ ကလေးငယ် တစ်ဦးအား အနှီးပတ်ပေးခြင်း / Wrapping a newborn

ဤဗီဒီယို အတိုတွင် မွေးကင်းစ ကလေးငယ် တစ်ဦးအား အနှီးပတ်ပေးရန် သို့မဟုတ် အနှီးထုပ်ပေးရန် အမျိုးမျိုးသော နည်းလမ်းများကို သရုပ်ပြထားပါသည်။ အနှီးပတ်ပေးခြင်းသည် အချို့ကလေးငယ်များအဖို့ ဖြေသိမ့်စရာဖြစ်စေပြီး အိပ်စက်နေစဉ်အတွင်း ကလေးငယ်အား ပက်လက်လှန်အိပ်စေခြင်းအားဖြင့် SUDI (SIDS နှင့် အသက် သေစေလောက်သော အိပ်စက်ရာမှ မတော်တဆဖြစ်ရပ်များ အပါအဝင်) အန္တရာယ်ကို လျှော့ချ ပေးနိုင်ပါသည်။
 

ဗီဒီယိုများ- မသန်မစွမ်းဖြစ်မှုများ /  Videos: disability

Video ကလေးငယ် မသန်မစွမ်းဖြစ်မှုနှင့် စောစောပိုင်းကာလ၌ ကြားဝင် ဆေ / Early intervention

ဤဗီဒီယို အတိုတွင် ကလေးငယ် မသန်မစွမ်းဖြစ်မှုဆိုင်ရာ ကျွမ်းကျင်သူများသည် စောစောပိုင်းကာလ၌ ကြားဝင် ဆောင်ရွက်ပေးရေးမှာ ဘာဖြစ်ကြောင်း၊ ၎င်းကိုမည်ကဲ့သို့ ရယူရကြောင်းနှင့် ၎င်းသည် ဘာကိုရည်ရွယ်၍ လုပ်ရန် ဖြစ်ကြောင်းတို့နှင့်ပတ်သက်၍ ပြောဆိုထားပါသည်။ သူတို့သည် စောစောပိုင်းကာလ၌ စတင်လုပ်ရန် အရေးကြီးကြောင်း ပြောဆိုထားပါသည် သို့သော် ၎င်းသည် စတင်လုပ်ရန် မည်သည့်အခါမျှလည်း နောက်ကျသည်ဟု မရှိပါ။ သူတို့သည် ဝန်ဆောင်ပေးသည့် လုပ်ငန်းဌာနနှင့် ရန်ပုံငွေချပေးရေး နည်းလမ်းများကို ရွေးချယ်ရေး အကြောင်း ပြောဆိုထားပါသည်။ မိဘ တစ်ဦးသည် စောစောပိုင်းကာလ၌ ကြားဝင် ဆောင်ရွက်ပေးရေး နှင့်ပတ်သက်သည့် သူမ၏ အတွေ့အကြုံကို ဖော်ပြထားပါသည်။
 

Video ကလေးငယ် မသန်မစွမ်းဖြစ်မှု ဖော်ထုတ်ရေး အကြောင်း အားလုံး အားလုံ / Child disability

ဤဗီဒီယို အတိုတွင် ကလေးငယ် မသန်မစွမ်းဖြစ်မှုဆိုင်ရာ ကျွမ်းကျင်သူများသည် အကယ်၍သင့်အနေဖြင့် သင့်ကလေး၏ ကြီးထွားဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ သင် စိုးရိမ်ပူပန်နေလျှင် ဘာလုပ်ရမည့်အကြောင်း ပြောဆိုထား ပါသည်။ မသန်မစွမ်းဖြစ်မှု ရှိသည့်ကလေးများ၏ မိဘများသည် ရောဂါဖော်ထုတ်ပေးရေး၊ မိမိတို့၏ အသိစိတ်အရ လိုက်နာရေးနှင့် ဒုတိယ အကြံဉာဏ် ရယူရေး တို့နှင့်ပတ်သက်သည့် အကြောင်းကို ပြောဆို ထားပါသည်။ မိဘများသည် မိမိကလေး၏ မသန်မစွမ်းဖြစ်မှု ဖော်ထုတ်ခံရသည်ကို ကြားသိသောအခါ ၎င်းတို့ မည်ကဲ့သို့ ခံစားရကြောင်းကိုလည်း ပြောဆို ထားပါသည်။ ဝမ်းနည်းကျေကွဲရသည်မှာ အိုကေပါသည်ဟု သူတို့ပြောကြပါသည်။
 

Video ကလေးငယ် မသန်မစွမ်းဖြစ်မှုဆိုင်ရာ ဝန်ဆောင်မှုများနှင့် အထောက် / Disability services

ဤဗီဒီယိုတွင် သင်သည် ကလေးငယ် မသန်မစွမ်းဖြစ်မှုဆိုင်ရာ ဝန်ဆောင်မှုများနှင့် မည်သည့် နေရာမှ စလုပ်ရကြောင်း အချက်အလက်များအား မည်ကဲ့သို့ရရှိမည်ကို တွေ့ရှိနိုင်ပါသည်။ ကလေးငယ် မသန်မစွမ်းဖြစ်မှုဆိုင်ရာ ကျွမ်းကျင်သူများသည် သင့်အား ရန်ပုံငွေချပေးရေးဆိုင်ရာ နည်းလမ်းများ၊ ကောင်းမွန်သော ဝန်ဆောင်မှုဌာနများနှင့် စောင့်ရှောက်သူအနားပေးရေး ပုံစံအမျိုးမျိုးတို့ကို သိရှိအောင်လုပ်ပေးပါသည်။ သင်သည် အခြားမိဘများထံမှ စောင့်ရှောက်သူအနားပေးရေးနှင့် ဆွေးနွေးနှစ်သိမ့်ကုစားပေးရေး တို့နှင့်ပတ်သက်သည့် ၎င်းတို့၏ အတွေ့အကြုံများအကြောင်းကိုလည်း ကြားရပါ လိမ့်မည်။
 

Video ဦးနှောက်ဆိုင်ရာ လေဖြတ်ခြင်း [Cerebral Palsy]- ခြုံငုံသုံးသပ / Cerebral palsy: overview

ဤဗီဒီယို အတိုတွင် Cerebral Palsy ရှိသောကလေးများ၏ မိဘများသည် Cerebral Palsy ၏အစဦးပိုင်း လက္ခဏာများကို သတိထားမိခြင်းနှင့် ရောဂါဖော်ထုတ်မှု ရယူရေးတို့နှင့်ပတ်သက်သည့် အကြောင်းများကို ပြောဆိုထားပါသည်။ ၎င်းအပြင် ကလေးငယ် ကျန်းမာရေး အထူးပညာရှင်များသည် cerebral palsy မှာ ဦးနှောက်ကို သက်ရောက်မှုရှိသော အခြေအနေ တစ်ရပ်ဖြစ်ကြောင်း ရှင်းပြထားပါသည်။ သူတို့သည် cerebral palsy ၏ အမျိုးမျိုးသော ပုံစံများ၊ ၎င်းသည် ကလေးများအား မည်ကဲ့သို့သက်ရောက်မှု ရှိကြောင်းနှင့် ၎င်းတို့ ဖြစ်ပွားရခြင်းအကြောင်းရင်း အချို့ တို့အကြောင်းကို ပြောဆိုထားပါသည်။
 

Video Cerebral palsy- ရောဂါဖော်ထုတ်ပြီးနောက်ပိုင်း / Cerebral palsy: diagnosis

ဤဗီဒီယို အတိုတွင် cerebral palsy ရှိသောကလေးများ၏ မိဘများသည် သင့်ကလေးအား cerebral palsy ဖြင့် ရောဂါဖော်ထုတ်ခံရပြီးနောက်ပိုင်း ဘာဖြစ်မည့် အကြောင်းနှင့်ပတ်သက်၍ ပြောဆိုထားပါသည်။ သူတို့သည် သင့်ကိုယ်ကိုသင် ဂရုစိုက်ရန်၊ အခြား မိသားစုများနှင့် အဆက်အသွယ်လုပ်ထားရန်နှင့် ကောင်းမွန်သော အထောက်အပံ့ပေးအလုပ်ကွန်ခြာတစ်ခု ရှိနေရေးတို့မှာ အဘယ်ကြောင့် အရေးကြီးကြောင်းကို ဖော်ပြထားပါသည်။ ၎င်းတို့သည် ကုထုံး အမျိုးမျိုး အကြောင်းကိုလည်း ပြောဆိုထားပါသည်။ ကျန်းမာရေး အထူးအတတ်ပညာရှင်များသည် စောစောပိုင်းကာလ၌ ကြားဝင်ဆောင်ရွက်ပေးရေးမှာ အဘယ်ကြောင့် အရေးကြီးကြောင်းကို ပြောဆိုထားပါသည်၊ အထူးသဖြင့် အစာကျွေးခြင်းနှင့် ဝတ်စားဆင်ယင်ခြင်းကဲ့သို့သော ရည်မှန်းချက်ပန်းတိုင်များကို ရောက်ရှိရန် ကလေးများအား ကူညီပေးခြင်းအတွက် ဖြစ်ပါသည်။
 

Video ဒေါင်းန်ဆင်ဒရုန်း- ခြုံငုံသုံးသပ်ခြင်းနှင့် ရောဂါဖော်ထုတ်ခြင / Down syndrome: overview

ဤဗီဒီယို အတိုတွင် ဒေါင်းန်ဆင်ဒရုန်းရှိသော ကလေးငယ်များ၏ မိဘများသည် ကိုယ်ဝန်ဆောင်စဉ် အတွင်း ရောဂါဖော်ထုတ်မှုရရှိရေး အကြောင်း ပြောဆိုထားပါသည်။ သူတို့သည် သူတို့မိသားစုများနှင့် ဤကလေးငယ်မှာ သူတို့၏ ဘဝများတွင် မည်သို့ ဝင်ဆံ့မည့်အကြောင်း၊ ၎င်းအပြင် ကိုယ်ဝန်ကို ဆက်လက်ထားရှိရန် စဉ်းစားရမည့်အကြောင်းတို့နှင့် ပတ်သက်၍ ပြောဆိုထားပါသည်။ ၎င်းအပြင် ကလေး ကျန်းမာရေး အထူးပညာရှင်များသည် ဒေါင်းန်ဆင်ဒရုန်းမှာ ဘာဖြစ်ကြောင်းနှင့် ၎င်းကို သူတို့က မည်ကဲ့သို့ စစ်ဆေးရကြောင်းတို့ကို ရှင်းပြထားပါသည်။
 

Video ဒေါင်းန်ဆင်ဒရုန်း - ရောဂါဖော်ထုတ်ပြီးနောက်ပိုင်း / Down syndrome: diagnosis

ဤဗီဒီယို အတိုတွင် ဒေါင်းန်ဆင်ဒရုန်းရှိသော ကလေးငယ်များ၏ မိဘများသည် ဒေါင်းန်ဆင်းရုန်းဖြင့် ရောဂါဖော်ထုတ်ခံရပြီးနောက်ပိုင်း မိမိတို့၏ ကလေးအတွက် စောစောပိုင်းကာလပိုင်း၌ ကြားဝင် ဆောင်ရွက်ပေးရေးကို ရယူခြင်းအကြောင်း ပြောဆို ထားပါသည်။ စောစောပိုင်းကာလ၌ ကြားဝင် ဆောင်ရွက်ပေးရေးများတွင် ကိုယ်ကာယလေ့ကျင့်ခန်း ကုထုံး၊ အသံထွက် ကုထုံး နှင့် သင်္ကေတလက်ဟန် ဘာသာစကားတို့ ပါဝင်ပါသည်။ ၎င်းတို့သည် စောင့်ရှောက်သူ အနားပေးရေးနှင့် ဒေါင်းန်ဆင်ဒရုန်း ရှိသောကလေးများ၏ မိသားစု၊ မိတ်ဆွေများနှင့် အခြား မိသားစုများတို့၏ ကောင်းမွန်သော အထောက်အပံ့ပေး အလုပ်ကွန်ခြာ တစ်ခု ထားရှိရေးတန်ဖိုးတို့ကို ဆွေးနွေး ထားပါသည်။ ကလေး ကျန်းမာရေး အထူးပညာရှင်များသည် စောစောပိုင်းကာလ၌ ကြားဝင် ဆောင်ရွက်ပေးရေး နည်းလမ်းများနှင့် မိသားစုဘဝတို့နှင့် ပတ်သက်သည့်အကြောင်းများကို ပြောဆိုထားပါသည်။
 

Video ဖရက်ဂျိုင်းလ် အိက်စ် ဆင်ဒရုန်း (Fragile X syndrome) ခြုံငုံသုံးသပ်ခြင / Fragile X overview

ဤဗီဒီယို အတိုတွင် Fragile X syndrome ရှိသော ကလေးများ၏ မိဘများသည် ဤမျိုးရိုးဗီဇဆိုင်ရာ အခြေအနေ အကြောင်းကို ပြောဆိုထားပါသည်။ သူတို့သည် ရောဂါ၏စောစောပိုင်း လက္ခဏာများကို သတိထားမိခြင်း၊ ရောဂါဖော်ထုတ်မှုကို ရယူခြင်းနှင့် ရောဂါဖော်ထုတ်မှုအပေါ် ၎င်းတို့၏ တုံ့ပြန်မှုတို့အကြောင်း ပြောဆိုထားသည်။ ကလေး ကျန်းမာရေး အထူးပညာရှင်များသည် ဤအခြေအနေ မည်ကဲ့သို့ ဖြစ်ပွားကြောင်းကို ရှင်းပြထားပါသည်။ ၎င်းတို့သည် ဆင်ဒရုန်းရောဂါ၏ ကိုယ်ပိုင်းဆိုင်ရာ၊ ဖွံ့ဖြိုးမှုဆိုင်ရာ၊ အမူအကျင့်ဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာ အသွင်အပြင်များကိုလည်း ပြောဆိုထားပါသည်။
 

Video Fragile X syndrome - ရောဂါဖော်ထုတ်ပြီးနောက်ပိုင်း / Fragile X diagnosis

ဤဗီဒီယို အတိုတွင် Fragile X syndrome ရှိသော ကလေးများ၏ မိဘများသည် ကလေးများအတွက် အမျိုးမျိုးသော ကုထုံးများအကြောင်း ဆွေးနွေးထားပါသည်။ မိဘများနှင့် ကလေး ကျန်းမာရေး အထူးပညာရှင်များသည် ရောဂါဖော်ထုတ်ပြီးနောက် တတ်နိုင်သမျှ အမြန်ဆုံး စောစောပိုင်းကာလ၌ ကြားဝင် ဆောင်ရွက်ပေးရေးကို ရရှိရန် အဘယ်ကြောင့် အရေးကြီးကြောင်း ပြောဆိုထားပါသည်။ ကျန်းမာရေး အထူးပညာရှင်များသည် Fragile X ရှိသော ကလေးများမှာ အမျိုးမျိုးသော တတ်ကျွမ်းမှုများကို အမျိုးမျိုးသော နှုန်းထားများဖြင့် ဖွံ့ဖြိုးကြကြောင်း ပြောဆိုထားပါသည်။ ကုထုံးပညာရှင်များ အဖွဲ့နှင့် အတူတကွ ဆောင်ရွက်ခြင်းသည် ၎င်းတို့အား အကူညီပေးရန် အကောင်းဆုံး နည်းလမ်းဖြစ်ပါသည်။
 

Video နားအကြားအာရုံ ချွတ်ယွင်းမှု- ခြုံငုံသုံးသပ်ခြင်း / Hearing impairment 1

ဤဗီဒီယို အတိုတွင် ကလေး ကျန်းမာရေး အထူးပညာရှင်များသည် နားအကြားအာရုံ ချွတ်ယွင်းမှု ပုံစံအမျိုးမျိုး အကြောင်းကို ပြောဆိုထားပါသည်။ သူတို့သည် ကလေးများအား သာမန်အားဖြင့် မွေးဖွားချိန်၌ သို့မဟုတ် မွေးဖွားပြီး အမြန်ဆုံး နားအကြားအာရုံကို စစ်ဆေးပေးရန် ဖြစ်ကြောင်း ပြောဆိုထားပါသည်။ ကလေးများသည် သူတို့ အသက်အရွယ် ကြီးလာသည့် အခါတွင်လည်း ရောဂါဖော်ထုတ်ခံရနိုင်ပါသည်။ နားအကြားအာရုံ ချွတ်ယွင်းသော ကလေးများ၏ မိဘများနှင့် အထူးပညာရှင်များသည် ကလေး၌ နားအကြားအာရုံ ချွတ်ယွင်းမှု ရှိမည့် အချို့ လက္ခဏာများ အကြောင်းကို ပြောဆိုထားပါသည်။
 

Video နားအကြားအာရုံ ချွတ်ယွင်းမှု- ရောဂါဖော်ထုတ်ပြီး နောက်ပိုင် / Hearing impairment 2

ဤဗီဒီယို အတိုတွင် နားအကြားအာရုံ ချွတ်ယွင်းမှုရှိသည့် ကလေး တစ်ဦး၏ မိဘ တစ်ယောက်သည် နားအကြားအထောက်ကူပစ္စည်းများ၊ အော့စ်လန် သင်္ကေတလက်ဟန်ပြ ဘာသာစကားနှင့် အသံထွက် ကုထုံးတို့အပါအဝင်ဖြစ်သော သူမ ကလေး၏ စောစောပိုင်းကာလ၌ ကြားဝင် ဆောင်ရွက်ပေးရေး အကြောင်းကို ပြောဆိုထားပါသည်။ ကလေး ကျန်းမာရေး အထူးပညာရှင်များသည် မိမိကလေးအတွက် နားအကြားအာရုံ ချွတ်ယွင်းမှုမှာ ဘာကိုဆိုလိုကြောင်း မိဘများ နားလည်ရန် ကူညီပေးသည့် အကြောင်းကို ပြောဆိုထားပါသည်။ သူတို့သည် စောစောပိုင်းကာလ၌ ကြားဝင် ဆောင်ရွက်ပေးရေး အချို့နည်းလမ်းများကိုလည်း ပြောဆိုထားပြီး အဘယ်ကြောင့် ကြားဝင် ဆောင်ရွက်ပေးရေးကို စောစီးစွာ စလုပ်ရန် အရေးကြီးကြောင်း ပြောဆိုထားပါသည်။
 

Video အမြင်အာရုံ ချွတ်ယွင်းမှု- ခြုံငုံသုံးသပ်ခြင်းနှင့် ရောဂါဖော်ထုတ်ခြင်း / Vision impairment 1

ဤဗီဒီယို အတိုတွင် အမြင်အာရုံ ချွတ်ယွင်းမှုရှိသည့် ကလေးများ၏ မိဘများနှင့် ကလေး ကျန်းမာရေး အထူးပညာရှင်များသည် သင့်ကလေး၌ရှိသည့် အမြင်အာရုံ ချွတ်ယွင်းမှု  စောစောပိုင်း လက္ခဏာများအကြောင်းကို ပြောဆိုထားပါသည်။ မိဘများသည် မိမိတို့၏ ကလေးအား ရောဂါဖော်ထုတ်ခံရသည့် အတွေ့အကြုံများကို ဖော်ပြထားပါသည်။ အထူးပညာရှင်များသည် အမြင်အာရုံ ချွတ်ယွင်းမှု ဖြစ်ပွားရခြင်း အကြောင်းရင်း အမျိုးမျိုး အကြောင်းကို ပြောဆိုထားပါသည် – မျက်လုံးများနှင့် ပတ်သက်သည့် ပြဿနာများနှင့် မျက်လုံးများမှ ဦးနှောက်သို့ ရောက်ရှိသည့် သတင်းကိစ္စများနှင့် ပတ်သက်သည့် ပြဿနာများ ဖြစ်သည်။
 

Video အမြင်အာရုံ ချွတ်ယွင်းမှု- ရောဂါဖော်ထုတ်ပြီးနောက်ပိုင်း / Vision impairment 2

ဤဗီဒီယို အတိုတွင် ကလေး ကျန်းမာရေး အထူးပညာရှင်များသည် အမြင်အာရုံ ချွတ်ယွင်းနေသည့် ကလေးများအနေဖြင့် ပညာ သင်ယူရန်နှင့် ကြီးထွား ဖွံ့ဖြိုးလာရန်အတွက် စောစောပိုင်းကာလ၌ ကြားဝင် ဆောင်ရွက်ပေးရေးသည် မည်ကဲ့သို့ အထောက်အကူ ပြုနိုင်ကြောင်း ပြောဆိုထားပါသည်။  မိဘများသည် ရောဂါဖော်ထုတ်ခံရပြီးနောက် စောစောပိုင်းကာလ၌ကြားဝင် ဆောင်ရွက်ရေး ရရှိရေးအကြောင်းနှင့် ၎င်းသည် မိမိတို့ ကလေး၏ ကြီးထွားဖွံ့ဖြိုးမှုကို မည်ကဲ့သို့ အထောက်အကူပြုကြောင်း ပြောဆိုထားပါသည်။ ကျန်းမာရေး အထူးပညာရှင်များသည် ကလေးတစ်ဦး၏ အခြားသော အာရုံခံများကို တက်ကြွအောင်လုပ်ပေးရန် အရေးကြီးကြောင်းနှင့် ဘရေးလ် Braille စက်ဖြင့် ပြောဆိုဆက်သွယ်သော ကလေးများကို ပံ့ပိုးပေးရန် ဖြစ်ကြောင်း ပြောဆိုထားပါသည်။
 
  • Last updated or reviewed 16-05-2017